1/2📱IMDb Rating ___7.0/10
သရုပ်ဆောင်တာ အရမ်း အသက်ဝင်လွန်းပြီး ကိုးရီးယားရုပ်ရှင်လောကရဲ့ ထိပ်တန်းဆရာတစ်ဆူလို့တောင် တင်စားရမယ့် မင်းသားကြီး Choi Min-Sik နဲ့
ငယ်ငယ်ချောချော စီအီးအိုမလေးအဖြစ် စတိုင်ကျလှပနေတဲ့ မင်းသမီး Han So-Hee တို့ကို တွဲဖက်မြင်တွေ့ရမယ့် ရုံတင်ရုပ်ရှင်ကားသစ်ကြီး ထွက်ရှိလာပါပြီ။
Robert De Niro နဲ့ Anne Hathaway တို့ရဲ့ အတွဲညီညီ သရုပ်ဆောင်ချက်တွေနဲ့ အရမ်း လူကြိုက်များအောင်မြင်ခဲ့တဲ့ 2015 ခုနှစ်ထွက် အမေရိကန်ရုပ်ရှင် "The Intern" ကို
ကိုးရီးယားရသလေးနဲ့ တစ်ကျော့ပြန်ဆန်းသစ်ထားတဲ့ Korean Remake မို့လို့လည်း ပရိသတ်တော်တော်များများ မျှော်လင့်စောင့်စားနေကြတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း .....
၃ နှစ်အတွင်းမှာတင် ရောင်းအား ဝမ် ၁၀ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ပြီး ဖက်ရှင်လောကရဲ့ Dark Horse လို့တောင် တင်စားခံရတဲ့ ဖက်ရှင်ဘရန်း WOO22 ရဲ့ တည်ထောင်သူ စီအီးအိုမလေး အီဆွန်းအူ (Han So-Hee)...
ဖက်ရှင်ကုမ္ပဏီဖြစ်တာနဲ့အညီ ဝတ်စားဆင်ယင်မှုပုံစံကအစ အလုပ် လုပ်ကိုင်ပုံအဆုံး လွတ်လပ်မှုရှိတဲ့ အငွေ့အသက်မျိုးကို အသားပေးထားတဲ့ ဆွန်းအူတို့ရဲ့ ကုမ္ပဏီကို ....
တစ်နေ့မှာ လုပ်သက်အတွေ့အကြုံ ၃၇ နှစ်ရှိပေမဲ့လည်း ဒစ်ဂျစ်တယ်လုပ်ငန်းခွင်နဲ့ စိမ်းသက်နေဆဲ ဂင်ဂီဟို (Choi Min-Sik) ဆိုသူက သက်ကြီးရွယ်အို အလုပ်သင်အနေနဲ့ အလုပ်ဝင်လာတဲ့အခါမှာတော့...
သူတို့နှစ်ဦးက ကိုယ်စီရဲ့ အတွေ့အကြုံတွေ အမြင်တွေကို ဝေမျှဖလှယ်ရင်း မတူညီတဲ့ မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေကို ဘယ်လို ပေါင်းကူးတံတား ထိုးသွားကြမလဲ...
စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်မယ့် ထိထိမိမိ ဒိုင်ယာလော့များစွာနဲ့အတူ လုပ်ငန်းခွင်သင်ခန်းစာတွေလည်း တစ်ပြည့်တစ်ဝကြီး ရရှိနိုင်ဦးမှာဖြစ်တာကြောင့် .....
ဒီဇာတ်ကားလေးနဲ့အတူ အလုပ်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကို နှစ်သိမ့်ကုစားပေးနိုင်ဖို့ရာ တင်ဆက်ပေးလိုက်ရပါတယ်။
Copyright ကြောင့် အဆင့်ဆင့်လေး ခံထားရတာ နားလည်ပေးပါဗျ ....
👇👇👇
😞ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ 🗣️
➡️ချန်နယ်လင့် နှိပ်ပါ
➡️ဇာတ်ကားလင့် နှိပ်ပါ








